ပညာရှိ နှင့် ပညာမဲ့


“ပညာရှိနှင့် ပညာမဲ့သည် အပေါ်ယံတွင်တော့
သူလည်း ဒါန၊ သီလပြု၊ ငါလည်း ဒါန၊ သီလပြု။
သူလည်း သားရှင်ပြု၊ ငါလည်း သားရှင်ပြု တူနေကြတာပဲ။
ဒါပေမဲ့ အတွင်းစိတ်ဓာတ်ကတော့ အဖြူ နဲ့ အမည်း ကွဲလွဲကြတယ်။

ပညာမဲ့က ငါကောင်းစားဖို့ ဒါနပေးတယ်။
ပညာရှိက သာသနာတော်ကို ပူဇော်ခြင်းငှာ ဒါနပေးတယ်။

ပညာမဲ့က ငရဲကြောက်၍ ငါးပါးသီလမြဲတယ်။
ပညာရှိက မမြဲသော ခန္ဓာကိုယ်ကြီးကို အမိုက်ခံ၍ မကျွေးလိုသဖြင့် ငါးပါးသီလမြဲတယ်။

ပညာမဲ့က နတ်ပြည်ရောက်ဖို့ ဥပုသ်စောင့်တယ်။
ပညာရှိက တစ်နေ့တစ်ရက် တဏှာကျွန်အဖြစ်မှ ငြိမ်းချမ်းတဲ့ သုခကိုလို၍ ဥပုသ်စောင့်တယ်။

ပညာမဲ့က ငါတို့ ဘုန်းကြီးမှ ဂစ္ဆာမိတယ်။
ပညာရှိက သံဃာစစ်မှ ဂစ္ဆာမိတယ်။

ပညာမဲ့က ထုံးစံကိုလေးစားတယ်။
ပညာရှိက မဂ်ဉာဏ် ဖိုလ်ဉာဏ်ကို လေးစားတယ်။

ပညာမဲ့က အများကောင်းရင် လိုက်ကောင်းတယ်။
ပညာရှိက အများကောင်းတိုင်း လိုက်၍မကောင်း။

ပညာမဲ့က နာမည်ကြီးသူပြောရင် ယုံကြည်တယ်။
ပညာရှိက နာမည်ကြီးတိုင်းလိုက်၍ မယုံ။

ပညာမဲ့က အထူးအဆန်းကို မြတ်နိုးတယ်။
ပညာရှိက သဘောမှန်မှ မြတ်နိုးတယ်။

ပညာမဲ့က ရွှေထူတဲ့ဘုရားမှ လေးစားတယ်။
ပညာရှိက ဘုရားနှစ်မျိုးမထား။ တစ်သားတည်းထားတယ်။

ပညာမဲ့က ဘုရားရှာထွက်လေ့ရှိတယ်။
ပညာရှိက ဂုဏ်တော်ကိုးပါးကို အခွင့်ရတိုင်း ပွားများ၍နေတယ်။
အတွင်းသဘောချင်း မကွာဘူးလား မောင်စိန်ရဲ့ . . . . ”

(ကျေးဇူးရှင် နမ္မားဆရာတော်ကြီး အရှင်ဉာဏ)

မင်းနန်း(မော်ကျွန်း)
ဆရာတော်ကြီးများ၏ သြ၀ါဒတော်များ (စာ-၁၈၇) - စာအုပ်မှ ကောက်နှုတ်ရေးသားပါသည်။



PannPwint
Powered by Blogger.