စာရေးဆရာမ လွန်းထားထား ရဲ့ မကြာခင်ထွက်မယ့်ဝတ္ထုကို ဇာတ်ကားရိုက်ကူးရန် ဝယ်ယူလိုက်ပြီဖြစ်တဲ့ နေတိုး



==============================

ပရိသတ်အားပေးမူ အခိုင်အမာရရှိထားတဲ့စာရေးဆရာမ လွန်းထားထား ရဲ့ မကြာခင် ထွက်ရှိမယ့်
"မာယာကျွေးသူရယ်"  ဝတ္ထုအသစ်ကို အကယ်ဒမီ နေတိုးက ဇာတ်ကားရိုက်ကူးဖို့အတွက်ဝယ်ယူထားတယ်လို့သိရပါတယ်။  ဆရာမ လွန်းထားထား ရဲ့ "မာယာကျွေးသူရယ်"ဝတ္ထုက နိုဝင်ဘာ ၁၈ ရက်နေ့မှ ထွက်မှာ ဖြစ်ပေမယ့် နေတိုးက ကြိုတင်ဝယ်ယူသွားတယ်လို့သိရပါတယ်။
ဆရာမ လွန်းထားထား ရဲ့ဝတ္ထု ကောင်းတွေကြောင့် ဗီဒီယို ဇာတ်ကားကောင်းများစွာ ရုပ်ရှင်ဇာတ်ကားကောင်းများစွာ ဖြစ်ပေါ်လာခဲ့ပြီး အခု နေတိုး ဝယ်သွားတဲ့ ဝတ္ထု ဆိုရင် လည်း ပရိသတ်တွေ ကြိုက်နှစ်သက်မယ့် ဇာတ်လမ်းမျိုးဖြစ်ပြီး
နေတိုးရဲ့ ပရိသတ်တွေကတော့ နောက်ထပ်ဇာတ်ကားကောင်းတစ်ကား
ကြည့်ရတော့မှာ ဖြစ်သလို ပါဝင်သရုပ်ဆောင်မယ့်
မ င်းသမီးကတော့ မရွေးချယ်ရသေးဘူးလို့သိရပါတယ်။
Powered by Blogger.