ဒီချုပ် တိုင်းဒေသကြီး ခုနှစ်ခုမှာ ရာခိုင်နှုန်း ၇၀ ကျော် အနိုင်ရရှိထားကြောင်း ပြော

ဒီနေ့မနက် ၉ နာရီ မှာရရှိတဲ့နောက်ဆုံးသတင်းအချက်အလက်တွေအရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ တိုင်းဒေသကြီး ခုနှစ်ခုမှာ ရာခိုင်နှုန်း ၇၀ ကျော် အနိုင်ရရှိထားတယ်လို့ NLD ရဲ့ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းထိန်က ပြောပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တရားဝင်ထုတ်ပြန်တဲ့အချိန်ကြရင်တော့အတိအကျသိရမှာဖြစ်တယ်လို့
သူကဆိုပါတယ်။
နေပြည်တော် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့တာဝန်ရှိသူတစ်ဦးက ဒီနေ့ညနေသုံးနာရီမှာသတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး မြန်မာနိုင်ငံရဲ့
ဆက်သွယ်ရေးကောင်းမွန်တဲ့ဒေသတွေက
ရွေးကော်ပွဲရလာဒ်တွေကိုကြေညာသွားမယ်လို့ဆိုပါတယ်။

==================

ရဲလွင်

Popular News Journal

ရန်ကုန်၊နိုဝင်ဘာ ၉
Powered by Blogger.