ကျန်းမာရေးအတွက် ရေနွေးကြမ်း၏ အသုံးဝင်ပုံ

ရေနွေးကြမ်းကို သောက်လေ့ရှိပါသလား။ လက်ဖက်ခြောက်၊ လက်ဖက်စိမ်းခြောက် စတာတွေ ခတ်ထားတဲ့ ရေနွေးကြမ်း သောက်တာကြောင့် အောက်ပါ ကျန်းမာရေး အကျိုးကျေးဇူးတွေ ရရှိစေနိုင်ပါတယ်။

ရောဂါဝေဒနာများကို ကာကွယ်နိုင်ခြင်း

ရေနွေးကြမ်းကို တစ်နေ့ ခွက်အနည်းငယ် သောက်တာကြောင့် ကျန်းမာရေး ကောင်းမွန်စေပါတယ်။ Camellia sinensis အပင်ကနေ ရရှိတဲ့ လက်ဖက်ရွက်တွေမှာ အင်တီအောက်ဆီးဒင့် ပါဝင်တာကြောင့် ဆဲလ်တွေကို ထိခိုက်စေတဲ့ ဖရီးရယ်ဒီကယ်တွေကို တွန်းလှန်ပေးနိုင်ပါတယ်။ ဒါကြောင့် ရောဂါ ဝေဒနာတွေ မရအောင် ကာကွယ်ပေးနိုင်တာပါ။

နှလုံးရောဂါဖြစ်နှုန်း လျော့ကျစေခြင်း

လေ့လာမှုတချို့အရ လက်ဖက်စိမ်း လက်ဖက်ရည် သောက်တာကြောင့် ကိုယ်အလေးချိန်၊ သွေးဖိအားနဲ့ ကိုလက်စထရော စတာတွေ အပါအဝင် နှလုံးရောဂါ ဖြစ်စေတဲ့ အချက်တချို့ကို လျှော့ကျစေကြောင်း သိရပါတယ်။

သွေးတွင်း သကြားဓာတ် ထိန်းနိုင်ခြင်း

လက်ဖက်စိမ်း လက်ဖက်ရည်ဟာ သွေးတွင်း ဂလူးကို့စ် (သကြား) ဓာတ်ကို ထိန်းချုပ်ပေးနိုင်တယ်လို့ လေ့လာမှု တချို့က ဖော်ပြထားပါတယ်။ ဒါပေမဲ့ တိကျသေချာတဲ့ ရလဒ်အတွက် လေ့လာမှု အများအပြား လုပ်ဖို့ လိုနေပါသေးတယ်။

Tip !

လတ်ဆတ်စွာ နပ်ပြီး သောက်ပါ

လတ်လတ်ဆတ်ဆတ် နှပ်ထားတဲ့ ရေနွေးကြမ်းမှာ အင်တီအောက်ဆီးဒင့် ပိုမို ပါရှိတာကြောင့် ကျန်းမာရေးနဲ့ ပိုညီညွတ်မှု ရှိပါတယ်။

လက်ဖက်ခြောက်ကို ၃-၅ မိနစ်ခန့် နပ်ပါ

လက်ဖက်ခြောက်ကနေ အင်တီအောက်ဆီးဒင့် ပမာဏ အများဆုံး ရရှိဖို့ရာအတွက် လတ်လတ်ဆတ်ဆတ် နှပ်ပြီး အချိန် ၃-၅ မိနစ်ခန့် ထားရှိပါ။ ဒါဆိုရင် အမြင့်မားဆုံး အာနိသင် ရရှိဖို့ လုံလောက်ပါတယ်။

ရေနွေးကြမ်း ပူပူကို သောက်ပါ

အေးတဲ့ ရေနွေးကြမ်းထက် ပူနွေးတဲ့ ရေနွမ်းကြမ်းမှာ ကတ်တီချင် ပမာဏ ပိုမို ပါဝင်တာကြောင့် ကျန်းမာရေး အာနိသင် ပိုမို ရရှိစေပါတယ်။

ကြယ်စင်
BY GOOD HEALTH
Powered by Blogger.