ဘက်ထရီသက်တမ်း ပိုမိုကောင်းမွန်သည့် Bebop 2

Parrot သည် ကုမ္ပဏီ၏ နာမည်ကျော် Bebop မျိုးဆက်သစ် အဝေးထိန်း လေယာဉ်ကို မိတ်ဆက်ခဲ့သည်။ အဆိုပါ အဝေးထိန်း လေယာဉ်သည် ဘက်ထရီ သက်တမ်း ကောင်းမွန်လာသည့်အပြင် မြန်နှုန်းမြင့်မားလာသည်။ ပြင်သစ်အဝေးထိန်း လေယာဉ်ကုမ္ပဏီ Parrot သည် အဝေးထိန်းလေယာဉ် အသေးစားလေးများ ထုတ်လုပ်မှုကြောင့် နာမည်ကျော်ကြားလာခြင်း ဖြစ်သည်။ Bebop 2 တွင် 1080p ရုပ်ထွက် အရည်အသွေးရှိ ဗီဒီယိုရိုက်ကူးနိုင်ရန် ကင်မရာ 14-megapixel ထည့်သွင်းပေးထားသည်။ ထို့အပြင် Bebop 2 အဝေးထိန်း လေယာဉ်တွင် ၁၈၀ ဒီဂရီ လှည့်လည်ရိုက်ကူးနိုင်သည့် fisheye မှန်ဘီလူး ပါဝင်လာသည်။ ၎င်းအဝေးထိန်း လေယာဉ်တွင် ပါဝင်သော ထိန်းချုပ်ရေး ခလုတ်သည် ၂ ကီလိုမီတာ အကွာအဝေးအထိ ထိန်းချုပ်နိုင်သည်။
ဆန်ဖရန်စစ္စကိုတွင် ကျင်းပခဲ့သော သတင်းစာရှင်းလင်းပွဲ၌ Bebop 2 မှအစိတ်အပိုင်းများဖြုတ်ပြီး အလေးချိန် သက်သာစေရန် ပြုလုပ်နိုင်ကြောင်း Parrot အမှုဆောင် အရာရှိချုပ် ဟန်နရီဆီဒေါ့က ပြောကြားခဲ့သည်။
Bebop ၏ဘက်ထရီ သက်တမ်းကို ၁၂ မိနစ်မှ ၂၅ မိနစ်အထိ တည်ငြိမ်မှုရှိစေရန် အားထုတ်ခဲ့ကြောင်း ကုမ္ပဏီက ထုတ်ပြန်ခဲ့သည်။ ၎င်းအဝေးထိန်း လေယာဉ်ကို iOS app နှင့်ထိန်းချုပ်၍ အလွယ်တကူ မောင်းနှင်နိုင်သည်။ Bebop 2 ကိုဒီဇင်ဘာလ ၁၄ ရက်တွင် ကန်ဒေါ်လာ ၅၄၉.၉၉ သို့မဟုတ် ၇၉၉.၉၉ ဖြင့် Parrot Sky controller Black Edition နှင့်အတူ ရောင်းချပေးသွားမည် ဖြစ်သည်။ အဆိုပါ external flight ခလုတ်ဖြင့် Bebop 2 ကိုပေ ၆,၅၆၁ တွင်ပျံသန်းနိုင်မည် ဖြစ်သည်။
Ref: TheVerge
Powered by Blogger.