ကျန်းမာရေး ရှုထောင့်ကနေ ဖတ်စေချင်ပါတယ် (18+ only)

(13+ only) လို့ပြန်ရေးချင်ပါတယ် မဖြစ်သင့်ပေမယ့် အခုခေတ်သားသမီးတွေက ၁၃ နှစ် (အပျိုဖေါ်ဝင် တာ) နဲ့ မြင်းစီးထွက်ချင်ပြီဆိုတာ ၀မ်းနည်းစွာသိလိုက်ရလို့ ၁၃ နှစ်မှ ၁၈ နှစ်ကြား သမိးတွေကိုလည်း ဆင်ခြင်စေချင်ပါတယ်

ပြီးခဲ့တဲ့ တစ်ပါတ်က နယ်က မိတ်ဆွေ တစ်ယောက် ဆုံးသွားတယ်လက်မထပ်ရသေးတဲ့ အပျိုလေးပဲ
ဘယ်လိုဖြစ်ရတာလဲ လို့ သတင်းမေးတော့ ...ပြောရမှာ ရှက်စရာတော့ကောင်းတယ်တဲ့သူ့ ရည်းစား ရဲ့ အလိုကိုမလွန်ဆန်နိုင်လို့  အလိုလိုက်ခဲ့မိတယ်

 ၁ လ ခွဲလောက်နေတော့ သူ့ကိုယ်သူ ကိုယ်ဝန်ရှိနေမှန်းသိသွားတယ်အဲဒီအချိန် ရည်းစားကလည်း ခရီးလွန် နေတယ် ... ဆက်သွယ်ဖို့ ကြိုးစားပေမယ့်ဘယ်လိုမှ အဆက်အသွယ်မရ ... ကိုယ်ဝန်သက်တမ်း ၃ လ နီးပါးလောက်ဖြစ်သွားတော့မိဘဆွေမျိုးတွေကိုလည်းမပြောရဲ သူငယ်ချင်းတွေကိုလည်းမပြောပြရဲ
ဘာလုပ်လို့လုပ်ရမှန်းမသိ၊ ကိုယ် ၀န် မကျ ကျအောင် ကိုယ်ဝန်ဆောင် မသောက်ရဆိုတဲ့ ဆေးတွေ၊ ကိုယ်ဝန်ဆောင်တွေမစားရ ဆိုတဲ့ အစားအစာတွေအကုန်လျှောက်စား၊ ကိုယ်ဝန် ပျက်ကျစေဖို့ ရည်ရွယ် ချက်နဲ့ ကိုယ့်ကိုယ်ကို ထိခိုက်ရှနာ ဖြစ်အောင် လုပ် (ဥပမာ - စက်ဘီးအရှိန် ပြင်းပြင်း စီးပြီး မှောက်လဲ ကျစေတယ်၊ ထိုင်ခုံပေါ်က ကိုယ့်ဟာကိုယ် ပြုတ်ကျအောင် လုပ် ချော်လဲအောင်လုပ်)ဖြစ်ချင်တော့
ဘယ်လို လုပ်လုပ် ကလေးက မကျဘူး၊ ဒဏ်ရာရတာပဲ အဖတ်တင်တယ်။

နောက်ဆုံး ကြားဖူးနားဝ နယ်စပ်က လက်သည်တွေအားကိုးနဲ့ ဖျက်ချဖို့ အချစ်ဆုံးသူငယ်ချင်း တစ်ယောက်ကို ဖွင့်ဟတိုင်ပင်တဲ့ အခါ၊ သူငယ်ချင်းက တားပေမယ့် သူအဲဒီလက်သည်နဲ့ သွားလုပ်ခဲ့တယ်။
၃-၄ ရက် ကြာတော့ .... နေမကောင်းဘူး ဗိုက်နာတယ်၊နာတယ်နဲ့ သတိလစ်တဲ့အထိဖြစ်သွားတော့ အရေးပေါ် ဆေးရုံပို့ လိုက်ရတယ်၊

ချက်ခြင်းခွဲစိတ်ခန်းဝင်ရတယ်၊ သားအိမ်ပေါက်ပြီး infection တွေကတခြားကို ပြန့် သွားပြီ။
ကလေးရောအမေရော ကယ်လို့ မရတော့ဘူး ဆိုပြီး ခွဲစိတ် ထုတ်လာတဲ့ကလေး အသေလေးကိုပြမှ မိဘက သူ ကိုယ်ဝန် ၄လ ကျော် ရှိနေမှန်းသိတာ။
ဆေးရုံမှာ ၄ ရက် ...သတိတောင်ပြန်မလည်ဘူးဆုံးသွားတယ်

မောင်ညီမလေးတို့ ရေ ...
လက်မထပ်ခင် ရည်းစားနဲ့  အဆုံးထိအစွန်မချစ်လိုက်မိရင် အကောင်းဆုံးပေါ့နော်

အင်း...မနေနိုင်ဘူး လုပ်မှာပဲ ဆိုရင်တောလည်း ကိုယ်ဝန်နဲ့ အခြားမလိုအပ်တဲ့ ရောဂါ မရစေနဲ့ လေ ...
ကွန်ဒုံး သုံးတာ ရောဂါကို ၁၀၀% မကာကွယ်နိုင်ပါဘူး
AIDS အပါအ၀င် ကာလသားရောဂါ ၁၃ မျိုး ကူးစက်နိုင်ပါတယ်

ကိုယ်ဝန်မရအောင် ဘယ်လို လုပ်ရသလဲ ဆိုတာ အားလုံးက သိပြီးသားပါ

* ကွန်ဒုံးသုံးပါ (စနစ်တကျမှန်ကန်စွာသုံးပါ)
* ပုံမှန်တစ်ရက်တစ်လုံးသောက်ရသည့် တားဆေးစားပါ (အရေးပေါ် ၂ လုံး ၃ လုံး တားဆေး မမှီဝဲပါနှင့် ဘေးထွက် ဆိုးကျိုး ရှိသည်)
* ၁ လခံ ၃ လခံ တားဆေးထိုးပါ
* ၅ နှစ်ခံ လက်မောင်းအပ်မြုပ်ခြင်း၊ မိန်းမကိုယ်အတွင်း t-tube ထည့်ခြင်း
* ကိစ္စပြီးခါနီး သုက်ရည်ကို မိန်းမကိုယ် အပြင်မှာ ထုတ်လွှတ်ခြင်းသည် စိတ်ချရသောနည်းမဟုတ်ပါ။ လွှတ်ချိန်မတိုင်မှီ တစ်စက် ၂ စက် မတော်တဆ ထွက်သွားခြင်းဖြင့်  ကလေးရနိုင်ပါသည်
* ရက်ရှောင်နည်းသည် ရာသီစက်ကွင်းမှန်သောမိန်းကလေးများအတွက်သာအကျုံးဝင်သည်။
သို့ သော် ဟော်မုန်းပြောင်းလဲမှုနှင့် စပ်လျဉ်းပြီး မမျိုးဥ စောကြွေခြင်း နောက်ကျကြွေခြင်းများဖြစ်တတ်ပါသည်။ ရက်တွက်မှားရင်လည်း ကိုယ်ဝန်ရနိုင်ပါသည်။ sperm သည် သားအိမ်အတွင်း ရောက်ရှိပြီး ၅ ရက်အထိ အသက်ရှင်သည်။ မမျိုးဥသည် သားအိမ်အတွင်း ၂၄ နာရီတည်သည်။

နောက်တစ်ချက်က...

ကိုယ်ဝန်မရှိအောင် လုပ်ရက်သားနဲ့  မမျှော်လင့်ဘဲ ရသွားရင် ဘာလုပ်သင့်သလဲ ?

ဖျက်မချပါနှင့် ကလေးကိုမွေးပါ..
ဖြစ်လာသမျှ မိခင်စိတ်နှင့် ကြံ့ ကြံ့ ခံရင်ဆိုင်ပါ ..
လိုအပ်လျှင် ပါတ်ဝန်းကျင်ပြောင်းလိုက်ပါ ..
အချိန်ကာလတစ်ခုကျော်သွားလျှင်
ကဲ့ရဲ့ ပြစ်တင်ခြင်းများ သူ့ အလိုလို ပျောက်ကွယ်သွားမှာပါ
စိတ်အလိုဆန္ဒက ခဏပါ ... ရမယ့်ပျော်ရွှင်မှုက ခဏပါ ..
မမျော်လင့် တဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေ ရှိလာနိုင်တယ် ....
ခဏတာ ပျော်ရွှင်မှု အတွက်နဲ့တော့ စိတ်အလိုမလိုက်စေချင်ဘူး ....
မိမိ အသိတရားနဲ့ ဆင်ခြင်စေချင်ပါတယ် ...

ချစ်သူများနေ့မှာ ဖြူစင်စွာ ချစ်နိုင်ကြပါစေ ...

Te Te Lay
Powered by Blogger.