ရော်နယ်ဒို အင်္ဂလန်ကို ပြန်လာပါလိမ့်မယ် (Joes Semedo)

လက်ရှိအင်္ဂလန်ကလပ် ရှက်ဖီးအသင်း၌ ကစားနေသော
ရော်နယ်ဒို၏ အကောင်းဆုံး သူငယ်ချင်းတစ်ဦးဖြစ်သူ 
Semedo မှ၎င်းရဲ့သူငယ်ချင်းဟာ အင်္ဂလန်မှာ ပြန်
လည် လာရောက် ကစားလိမ့်မည်ဖြစ်ကြောင်း ပြော
ကြားလိုက်ပါတယ်...

"ရော်နယ်ဒိုက အင်္ဂလန်မှာဘောလုံးကစားရတာကို 
နှစ်သက်သူပါ ပြီးတော့သူက အင်္ဂလိပ်လူမျိုးတွေကို
လည်း ကြိုက်ပါတယ် သူ့ကစားသမားဘ၀ မကုန်ဆုံး
ခင် အချိန်မှာ သူဒီမှာလာကစားပါလိမ့်မယ်လို့ ကျွန်တော်
ထင်ပါတယ်"

"သူက ရီရဲမက်ဒရက်အသင်းသာ အင်္ဂလန်မှာရှိရင် သိပ်
ကောင်းမှာပဲလို့ ကျွန်တော့်ကိုပြောပါတယ် ဒါပေမယ့် ဒီ
ကိစ္စက မဖြစ်နိုင်ဘူးလေ အဲ့တာကြောင့် သူ့အနေနဲ့ 
ကစားသမားဘ၀ မကုန်ဆုံးခင်လေးမှာ အင်္ဂလန်မှာ
ပြန်လည် ကစားသွားမယ်လို့ ကျွန်တော်ယုံကြည်ပါ
တယ်" လို Semedo မှ ဖွင့်ဟခဲ့ပါတယ်..

အဆိုပါပေါ်တူဂီသား နှစ်ဦးဟာ 1998 မှ 2002 ခုနှစ်
အထိ စပို့တင်းလက်စဘရွန်း အကယ်ဒမီ၌ အတူတွဲက
စားခဲ့ကြတဲ့ အချစ်ဆုံးသူငယ်ချင်းတွေ ဖြစ်ကြောင်း သိ
ရပါတယ်..

#Conia
Powered by Blogger.