iPhone 7 မှာ Home button မပါဝင်တော့

iPhone 7 မှာ အကြီးမားဆုံး ပြောင်းလဲမှုအနေနဲ့ Home Button ကို မြင်တွေ့ရတော့မှာ မဟုတ်ကြောင်း ဆိုပါတယ်။ ယင်းအတွက် အစားထိုး ယင်လာမယ့် အရာ တစ်ခုက 3D Touch ပဲ ဖြစ်ပါတယ်။
3D Touch က ယခု iPhone 6S မှာကတည်းက ပါဝင်ပေမယ့် လာမယ့် iPhone အသစ်တွေမှာဆိုရင် သူ့ရဲ့ လုပ်ဆောင်ချက်က လက်ရှိ လုပ်ဆောင်ချက်များ အပြင် Home Button လုပ်ဆောင်ချက်ကိုပါ လုပ်ဆောင်မှာ ဖြစ်ပါတယ်။ လက် pressure ကို အနည်းငယ် ပိုသုံးရင် Home Screen ကို ပြန်ရောက်စေတာမျိုး ဖြစ်ပါတယ်။ ဒီတော့ ပိုရှည်လျားတဲ့ ဖန်သားပြင်ကို ရရှိမှာ ဖြစ်ပါတယ်။ ဒီတော့ လက်ရှိ အသုံးပြုထားတဲ့ Home Button က လက်ဗွေ လုံခြုံရေး စနစ်ကို ဘယ်နေရာမှာ အသုံးပြုမယ် ဆိုတာကတော့ စဉ်းစားစရာ ဖြစ်ပါတယ်။ သူဟာ iPhone ရဲ့ ဖန်သားပြင် ပေါ်မှာ ထောက်လိုက်ရင် ပွင့်မယ့် အရာ အနေနဲ့လည်း ဖြစ်လာနိုင်ပါတယ်။
iPhone 7 မှာ Apple အဓိကထား ပြောင်းလဲမယ့် အရာတစ်ခုက Home Button အပြင် ဘက်ထရီ ကြာရှည်ခံမှုလည်း ဖြစ်ကြောင်း ဆိုပါတယ်။ ပိုပြီးတော့ ပါးလွှာတဲ့ စမတ်ဖုန်းလည်း ဖြစ်လာမှာ ဖြစ်ကြောင်း ဆိုပါတယ်။ ယင်း ဖော်ပြချက်များဟာ နှစ်စဉ် အိုင်ဖုန်း အသစ်ထွက်မယ်ဆိုရင် ဘာထွက်မလဲ ဆိုတဲ့အပေါ် leak ဖြစ်တဲ့ သတင်းများအား အခြေခံထားခြင်း ဖြစ်ပါတယ်။
.
Ref: dailymail
အောင်ခမ်း (MMA)
Powered by Blogger.