လေဘောလုံးတွေနဲ့ အင်တာနက်ဖြန့်ကျက်နိုင်မယ့် Google ရဲ့ အစီအစဉ်

ကမ္ဘာ့နေရာအများစုမှာ အင်တာနက်ကွန်ယက် ဖြန့်ကျက်ပေးမယ့် လေဘောလုံးတွေကို
မြေပြင်အထက် လေထုထဲသို့ လွှတ်တင်ထားမယ့် အစီအစဉ်ကို ရှေ့နှစ်မှာ စတင်နိုင်ဖို့ Google က စမ်းသပ်နေပါတယ်။
အဆိုပါ အစီအစဉ်ကို project Loon လို့ အမည်ပေးထားပြီး ဘောလုံးတွေ လွှတ်တင်ထားတဲ့ လှည်ပတ်လမ်းကြောင်းအောက်မှာ ရှိနေတဲ့ ဒေသတွေမှာ အင်တာနက်ကို အဆက်အပြတ် သုံးစွဲနိုင်မှာ ဖြစ်တယ်လို့ ဂူဂယ်က ဘီဘီစီကို ပြောပါတယ်။
အင်ဒိုနီးရှားနိုင်ငံရဲ့ မိုဘိုင်းကွန်ယက် ကုမ္ပဏီ ၃ခုက project Loon ရဲ့ အင်တာနက် ဖြန့်ကျက်မှု အစီအစဉ်ကို နောက်နှစ်မှာ စတင်လုပ်ဆောင်ဖို့ ရည်ရွယ်ကြောင်း ကြေညာအပြီးမှာ အခုလို သတင်းထုတ်ပြန်လာတာ ဖြစ်ပါတယ်။
ကျွမ်းကျင်သူပညာရှင် တစ်ဦးကတော့ အခြား နည်းလမ်းတွေထက် အခုအစီအစဉ်က ပိုမိုကောင်းမွန်တယ်လို့ ဆိုပါတယ်။
ဟီလီယမ်ဓာတ်ငွေ့ဖြည့်ထားတဲ့ ကြီးမားတဲ့ဘောလုံးတွေ လွှတ်တင်ကာ အင်တာနက်ကွန်ယက် ဖြန့်မယ့် အစီအစဉ်မှာ သီရိလင်္ကာနိုင်ငံကလည်း လက်မှတ်ရေးထိုးထားပြီးဖြစ်ပါတယ်။
Powered by Blogger.