ဘိုင်ယန်ရဲ့ပစ်မှတ် Dani Carvajal

AS သတင်းမှာတော့ ဘိုင်ယန်မြူးနစ်သည် ရီးယဲလ်မက်ဒရစ်ရဲ့ နောက်တန်းညာအစွန် ကစားသမား ကာဗာဂျယ် အား အလိုရှိနေကြောင်းဖော်ပြထားသည်။ လာမည့်ရာသီ ပက်ဂွာဒီယိုလာ၏ ၁၁ဦး ပွဲထွက်ကစားသမားတွက် (Rafinha)ရာဖင်ဟာ နေရာတွင် ကာဗာဂျယ်အား အစားထိုး မှာဖြစ်ကြောင်းသိရသည်။
ကာဗာဂျယ်သည် ၂၀၁၂-၂၀၁၃ ရာသီတွင် လေဗာကူဆင် နှင့်တစ်နှစ်သာ ကစားအပြီး ဘွန်ဒက်လီဂါ ၏ အကောင်းဆုံး ညာနောက်ခံလူ အဖြစ် သတ်မှတ်ခံရသူဖြစ်သည်။ ယင်းနောက် မက်ဒရစ်သို့ ယူရို ၅ သန်းဖြင့် ရောင်းချခံရပြီး ၎င်း၌မှာပင် အထင်ကြီးလောက်တဲ့ လက္ခဏာများ ပြသ ထားသူလည်းဖြစ်သည်။လက်ရှိဘိုင်ယန် နည်းစနစ် ဒါရိုက်တာ မိုက်ကယ် ရက်ရှ်ကီ(Micheal Reschke)သည် လေဗာကူဆင်၌ တာဝန်ထမ်းဆောင်စဉ်တွင်း ကာဗာဂျယ် အား လေဗာကူဆင် သို့ခေါ်ဆောင်ခဲ့သူဖြစ်ပြီး ယခုတစ်ကြိမ် ဘိုင်ယန်သို့ ခေါ်ယူရာတွင်လည်း အခက်ခဲမရှိနိုင် ကြောင်းဖော်ပြထားသည်။
AS ကဆက်လက်ပြီး ကာဗာဂျယ်သည် မက်ဒရစ်ကနေ စွန့်ခွာဖို့ ဘယ်တော့မှ စဉ်းစားခဲ့သူမဟုတ်ကြောင်း သိုပေမယ့် (Danilo) ဒန်နီလို ရောက်လာခြင်းက မိမိ၏ပွဲထွက်ခွင့်ကို ခြိမ်ခြောက်နေခြင်းကြောင့် အခြားတစ်သင်းကို ရွေးချယ်နိုင်ကြောင်း၊ တဖက်တွင် မက်ဒရစ် အနေဖြင့်တော့ ၂၀၂၀ ထိ စာချုပ်ရှိနေသော ၎င်း၏ စပိန်လက်ရွေးစင်အား သန်း၃၀အောက်ဖြင့် ရောင်းချရန် မစဉ်းစားထားကြောင်း ဖော်ပြထားသည်။
ဘိုင်ယန်နည်းတူး မန်ယူ လီဗာပူး PSG စသောအသင်းကြီးများ စိတ်ဝင်စားမှု ရှိသကဲ့သို့ ချဲလ်ဆီးလည်း ပုံမှန်ခြေစွမ်းပျောက်နေသော အီဗန်နိုဗစ် နေရာတွင် ကာဗာဂျယ် အား အစားထိုးရန် စိတ်ဝင်စားနေကြောင်းသိရသည်။
#ကယန်း

Football Café
Powered by Blogger.