ကျွန်တော့်ရဲ့ အိမ်မက်က စပိန်မှာကစားဖို့ပါ (အူဗာမီယန်)

ယခုရာသီဘွန်ဒက်လီဂါ၌ ဒေါ့မွန်အသင်းအတွက် 13 ဂိုး
ထိသွင်းယူပေးထားနိုင်သည်အထိ ခြေစွမ်းပြလျှက်ရှိသော
အသက် 26 အရွယ် တိုက်စစ်မူး အူဗာမီယန်မှ ၎င်းအနေ
ဖြင့် ဒေါ့မွန်အသင်းမှ ထွက်ခွာဖြစ်ခဲ့ပါက စပိန်၌ ကစား
ရန် အဓိက ရည်ရွယ်ထားကြောင်း ဖွင့်ဟခဲ့ပါတယ်..

"တနေ့နေ့မှာ ကျွန်တော် အခြားလိဒ်တစ်ခုကို ပြောင်းဖြစ်
မှာပါ ကျွန်တော့်ရဲ့ အိမ်မက်ကတော့ စပိန်မှာကစားသွား
ဖို့ပါ"
"ဒေါ့မွန်အသင်းနဲ့ စာချုပ်သက်တမ်းကုန်တဲ့ အချိန်ကြရင်
ကျွန်တော် စပိန်ကို ပြောင်းဖြစ်ပါလိမ့်မယ် ဒါပေမယ့်
ဘယ်တော့လောက်ဖြစ်မလည်း ဆိုတာကိုတော့ ကျွန်
တော် အတိအကျ မပြောနိုင်သေးပါဘူး"

"လူတော်တော်များများက ကျွန်တော့်ကို ပရီးမီးယားလိဒ်
ကို ပြောင်းစေချင်ကြမှာပါ ဒါပေမယ့် ကျွန်တော့်အမေဟာ
စပိန်လူမျိုးမှာ အဲ့တာကြောင့် ကျွန်တော် စပိန်မှာကစား
ဖို့ပဲ ရည်ရွယ်ထားပါတယ် နောက်ပိုင်းမှ ပရီးမီးယားလိဒ်
ကို ပြောင်းဖြစ်ချင်လည်း ဖြစ်မှာပါ အခုအချိန်ထိတော့
ကျွန်တော့်ရဲ့ ရည်ရွယ်ချက်က စပိန်မှာ ကစားဖို့ပါ" လို့
အူဗာမီယန် မှဖွင့်ဟ ပြောကြားခဲ့ပါတယ်..

#Conia
Powered by Blogger.