ဘာစီလိုနာ မှ ပြောင်းရွှေ့ခဲ့မှု အတွက် ဝမ်းနည်း နေသည့် ပက်ဒရို


ယခုနွေရာသီ က မှ ဘာကာ အသင်း မှ နေ ချယ်လ်ဆီး သို့ ပြောင်းရွှေ့ခဲ့သည့် တောင်ပံ ကစားသမား ပက်ဒရို ဟာ စတမ်းဖို့ဒ်ဘရစ်သို့ ပြောင်းရွှေ့ခဲ့မှု ကို ဝမ်းနည်းနေကြောင်း သူ့ရဲ့ အသင်းဖေါ်ကို ပြောကြားခဲ့ပါတယ်။
စပိန်တောင်ပံ ကစားသမားဟာ ဝက်စ်ဘရွန်း နဲ့ ပွဲ မှာ ပွဲထွက်ခွင့် ရခဲ့တဲ့အတွက် ကျေနပ်နေပေမဲ့ မော်ရင်ညို ကို မကူညီနိုင်ခဲ့တဲ့ အတွက်လည်း စိတ်ပျက်နေတယ်လို့ သိရပါတယ်။
Fichajes.net ရဲ့ အဆိုအရ ပက်ဒရို ဟာ သူ့ရဲ့ အသင်းဖေါ် ဖာဘရီဂက်စ် ကို ဒီနွေရာသီ မှာ ကမ့်နူး ကနေ ထွက်ခွာခဲ့တာ ဝမ်းနည်းနေကြောင်း ပြောကြားခဲ့ပါတယ်။
၂၈ နှစ်သား ဟာ ကမ့်နူး မှာ ပွဲထွက်ခွင့် နည်းပါးခဲ့သည့် အတွက် ဘာကာ ကနေ ထွက်ခွာခဲ့ပေမဲ့ အသင်းဟောင်း ကို ပြန်ခွင့်ရမယ်ဆိုရင် ပျော်ရွှင်နေမယ်လို့ သိရပါတယ်။
Powered by Blogger.