တောင်မော်ရွာ (ကောလင်း)

အဲ့ဒီရွာလေးက အိမ်ခြေ ၃၀၀ ကျော်လေးပဲ ရှိပါတယ်... ဒါပေမယ့် တည်ထားတဲ့ ဘုရားတွေက မနည်းမနောဗျား... မြန်မာတစ်ပြည်လုံးက တန်ခိုးကြီးဘုရား အတော်များများရဲ့ ပုံစံငယ်လေးတွေ တည်ထားတာပါ... ကျွန်တော့်စိတ်ထင်တော့ ဘုရားစေတီပေါင်း ၃၀ ထက်မနည်း ရှိမယ်ထင်ပါတယ်... အလှူရှင်လည်း အလွန်ပေါတယ်လို့ ဆိုပါတယ်... အခု ပျံလွန်တော်မူသွားပြီဖြစ်တဲ့ ကျောင်းတိုင်ဘုန်းဘုန်းကြောင့် ဒီလိုဖြစ်လာတာပါ... ရဟန္တာလို့ သမုတ်ကြတယ်လို့ ကြားရပါတယ်... အခုတော့ ပျံလွန်တော်မူရှာပါပြီ... ကျွန်တော့်မှာကံမပါတော့ ဘုန်းဘုန်းရဲ့တရား မနာလိုက်ရဘူးပေါ့လေ... ဒီလို ဘာသာတရားကိုင်းရှိုင်းပြီး အေးချမ်းတဲ့ ကောလင်းမြို့လေးကနေ ခွဲခွာရမှာ တကယ် စိတ်မကောင်းဖြစ်မိပါတယ်... 
Powered by Blogger.