ကိုယ့်စိတ်ကို ချမ်းသာအောင်မှ မထားတတ်ဘူးဆိုလျှင် မိမိမှာ ဘာပညာမှ မရှိသေးဘူးလို့မှတ်ပါ

သဘာဝတရားကို သဘာဝတရားအတိုင်းပဲ လက္ခံနိုင်ရင် အများကြီးသက်သာပါတယ် ၊ ဥပမာအားဖြင့် ကွဲတတ်တဲ့သဘာဝတရားကို ကွဲတတ်တယ်လို့ လက္ခံတဲ့သူနှင့် လက္မခံတဲ့သူ အများကြီးကွာသွားပြီး လက္မခံနိုင်ရင် တကယ်ကွဲသွားတဲ့အခါမှာဖြစ်စေ
ခွဲခွာရတဲ့အခါမှာဖြစ်စေ ၊ ပင်ပန်းရတော့မယ် ၊ သေတတ်တဲ့သဘောတရား ၊ ပျက်တတ်တဲ့သဘောတရားကိုလက္မခံကြတဲ့သူနှင့် လက္ခံတဲ့သူ ကွာခြားသွားပြီ ၊ လက္ခံထားမယ်ဆိုရင် တကယ်တမ်းသေဘေးနှင့်ကြုံတဲ့အခါ သောကကြီးကြီးမားမား မဖြစ်တေါ့ဘူး ။

လူတွေရဲ့သဘောက ဒီလိုလုပ်လို့သာမရတာပါ ၊ ဟုလိုလုပ်ရင်ရမယ်ထင်ပြီးတစ်ခုထပ်ပြီးကြိုးစားပြန်ရော ၊ ဒီလိုလုပ်လို့မတည်တန့်တာပါ ၊ ဘယ်လိုလုပ်ရင်ဖြင့် တည်တန့်ပါတယ် ၊ ဒီလိုလုပ်လို့မခိုင်မာတာ ၊ ဟိုလိုလုပ်ရင် ခိုင်မာပါတယ်ထင်ပြီး ကြိုးစား ၊ ဘယ်လိုကြောင့်သေတာ ဒီလိုလုပ်လို့ ဆုံးရှုံးတာ ၊ ဟိုလိုဆိုမဆုံးရှုံးဘူးသည်နေရာမှာ အလုပ်မှားသွားတာပါလို့ ယူဆပြီးတော့ အဲဒီလိုနဲ့ပဲ ဘဝဟာအသက်အရွယ်တွေကြီးပြီး အိုမင်းလာတယ် ၊ အစိုးမရတဲ့ သဘောတရားကြီး ဆိုတာကိုကျေကျေနပ်နပ်လက္မခံနိုင်သေးခင်မှာပဲ ဘဝတစ်ခုကုန်ဆုံးကြရရှာတယ် ။

ဝိပဿ နာတရားအားထုတ်တတ်လာရင် လောကကြီးဟာနှစ်မျိုးနှစ်စားဖြစ်လာတယ် ၊ သတိဥာဏ်ရှိသူက ဒိဋ္ဌလောက ၊ သတိ
ဥာဏ်မရှိတော့ရင် အိပ်မက်လောက ၊ အကြောင်းရင်းကတော့ခိုင်တယ်မြဲတယ်ဟုတ်တယ် ထင်တုန်းကသာ ပျက်မှာစိုးရိမ်ရ ၊
ကုန်မှာပျောက်မှာ စိုးရိမ်ပူဆွေးနေကြရတာပါ ။

သူ့သဘာဝအတိုင်း ပျက်တတ်တာ ကုန်တတ်တာ သေတတ်တာ မတည်တံ့ မခိုင်မြဲတတ်တာကို သေသေချာချာလက္ခံလာနိုင်ရင် သောကက စိတ်အိမ်ကို ဘယ်လိုလုပ်နှောက်ယှက်တော့မလဲ ၊ ဒီသဘောကို ဥာဏ်ထဲမသိသေးရင် အမြဲနှိပ်စက်ခံနေရမှာပဲ ၊ ကိလေသာအမြဲနှောက်ယှက်မှာပဲ ။

လူကိုသာ ကိလေသာ နိုင်ချင်တိုင်းနိုင်သော်လည်း သတိဥာဏ်ကိုတော့ကိလေသာက ကြောက်ပါတယ် ။

အရှင်ခေမာနန္ဒ ( ရန်ကင်းတောရ )
ဥရောပယောဂီ၏ ကိုယ်တွေ့ဝိပဿ နာ
Powered by Blogger.