အာနာပါန အကျိုး

ပန်းချီဆရာကြီး ဦးငွေကိုင်ဟာ တနေ့ မှာ
အနာဂါမ်ဆရာသက်ကြီးကို လာကန်တော့တယ်
ဆရာသက်ကြီးက ဘာ့ကြောင့်ကန်တော့တာလဲ
မေးတဲ့အခါ ဆရာသက်ရဲ့ ကျေးဇူးကြာင့် ကျွန်တော်အသက်ဘေးက လွတ်လာခဲ့လို့ ပါတဲ့

ဒါနဲ့ ဆရာသက်က ဖြစ်စဉ်ကိုမေးတဲ့အခါ

အင်္ဂလိပ်အစိုးရက ဖမ်းဆီးပြီးထောင်ထဲမှာ ချုပ်ထားစဉ်မှာ ဗုံးကြဲလေယာဉ်က လာရောက်ပြီး
ဗုံးကြဲချခဲ့တယ် ကျွန်တော်တို့ ငါးဦးဟာ ဗုံသီးကျ
တဲ့နေရာမှာရှိနေခဲ့ပါတယ် လေးဦးဟာ အစအန
တောင်ရှာမရလောက်အောင် သေကြေပျက်စီးပြီး
ကျွန်တော်တဦးတည်းသာ အသက်ဘေးက အံ့သြ
ဘွယ်ရာ လွတ်မြောက်ခဲ့ပါတယ် အဲဒီအချိန်က
ကျွန်တော်ဟာ ဆရာသက် ညွန်ပြတဲ့အတိုင်း
အာနာပါန ကမ္မဋ္ဌာန်းကို စီးဖြန်းနေခဲ့တာပါ
ဒါ့ကြောင့် ဆရာသက်ကြောင့်အသက်ဘေးမှ
လွတ်မြောက်ခဲ့သူဖြစ်လို့  လာရောက်ကန်တော့
တာပါတဲ့

မိတ်ဆွေတို့ လည်း ခုလို အန္တရယ်မျိုးစုံ ပေါများလှ
တဲ့အချိန်မှာ အာနာပါန (ဝင်လေထွက်လေ) ကို
မိမိတို့ တတ်အားသ၍ ရှု့မှတ်ပါက မမြင်နိုင်သော
အန္တရယ်များမှ လွတ်ကင်းနိုင်ပါကြောင်း

အကြံပြုပါရစေ


credit to orginal
Powered by Blogger.