သင့်ရယ်မောသံလေးက ပြောနေသော သင့်အကြောင်း

၁။ သင်က အသံကျယ်ကျယ်နဲ့ ရယ်တတ်တဲ့ သူဆိုရင် အကျယ်ကြီးရယ်တဲ့ လူတွေက လိုရာပန်းတိုင်ကို ဖြောင့်ဖြောင့်တန်းတန်း သွားတတ်တဲ့သူ ဖြစ်တယ်။ လူတွေ ကိုယ့်ကို သတိထားမိတာကို ကြိုက်တယ်။ ကိစ္စတစ်ခုခု ရှိနေရင် အဲ့ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဆွေးနွေးတိုင်ပင်တတ်တယ်။ ကိုယ့်တာဝန်ကိုယ် ယူတတ်ပြီး ပွင့်လင်းတယ်။ အများအားဖြင့် အထီးကျန် နေတတ်တယ်။ ပြီးတော့ စိတ်ဖိစီးမှုတွေ အများကြီ ယူတတ်တယ်။ တစ်ခုခုကို မသိရင်လည်း သိချင်ယောင်ဆောင်တတ်တယ်။ ၂။ သင်က တိုးတိုးတိတ်တိတ် ရယ်တတ်တယ် ဆိုရင် စိတ်ဓါတ်ရေးရာ ချွတ်ယွင်းချက် နည်းနည်း ရှိတတ်တယ်။ ပြီးတော့ သင်က စိတ်ဓာတ် မပြတ်သားဘူး။ ခံစားလွယ်တယ်။ ဒါပေမယ့် သင့်မှာ စူးစမ်းလေ့လာ တတ်တဲ့စိတ် ရှိတယ်။ သင်က ကိုယ့်ကိုယ်ကို တန်ဖိုးထား တတ်တယ်။ သင် မကောင်းတဲ့ အချက်ကို သူများက ထောက်ပြရင် သင့်ကို အပြစ်သာ မြင်တတ်တယ် ဆိုတဲ့ ပုံစံ ကြည့်တတ်တယ်။ သင့်စိတ်သင် ဖော်ပြတဲ့နေရာမှာ ညံ့ဖျင်းတယ်။ အဲ့ဒါကြောင့် သင့်ခံစားချက်တွေကို ဘယ်တော့မှ ဖော်ပြလေ့မရှိဘူး။ သင့်ခံစားချက် တွေကို မထိန်းနိုင်တော့ဘူး ဆိုရင် ပေါက်ကွဲ တတ်တယ်။ ၃။ သင်က လက်ခုတ် တီးတီးပြီး အားရပါးရ ရယ်တတ်တယ်ဆိုရင် ဧည့်ဝတ်ကျေပွန်တယ်။ အဲ့ဒီလိုရယ်တာက တကယ်ရယ်ဖို့ ကောင်းလို့ ရယ်တယ်ဆိုတာကို သက်သေပြနေပါတယ်။ သင်က အများနဲ့ စကားလက်ဆုံ ပြောရတာကို ကြိုက်တယ်။ စိတ်ဝင်စားစရာ မကောင်းတဲ့အကြောင်း ဆိုရင်တောင်မှ သင်ပြောရင် ရယ်နေရတယ်။ ဒီလိုမျိုးလူတွေက အများအားဖြင့် သူများတွေရဲ့ လွှမ်းမိုးခြင်းကို အလွယ်တကူ ခံရတတ်တယ်။ သူတစ်ပါးရဲ့ ထင်မြင်ချက်တွေကို လက်ခံတာကြောင့် သင့်အတွက် ကိုယ်ပိုင် ဆုံးဖြတ်ချက်ချဖို့ ဆိုတာ အရမ်း ခက်ခဲလှပါတယ်။ သူများကို မှီခိုတော့ သူများက သင့်ကို အလွဲ သုံးစား လုပ်သွားနိုင်တယ်။ ၄။ သင်က ပါးစပ်ကို လက်နဲ့ အုပ်ပြီးရယ်တတ်တယ် ဆိုရင် ရှက်တတ်တယ်။ ပြီးတော့ သင်က ကိုယ် ပြောသမျှ အရာရာကို အမြဲသတိထားပြီး ပြောလေ့ရှိတယ်။ သူများက သင့်အကြောင်းကို သိသွားမှာကို အရမ်းကြောက်တတ်တယ်။ မိန်းကလေးတစ်ယောက်က အဲ့ဒီလိုမျိုး ရယ်တတ်တယ်ဆိုရင် ဗိုင်းကောင်းကျောက်ဖိ မိန်းကလေးမျိုးဖြစ်တယ်။ ဒီလိုမျိုး မိန်းကလေးတွေကို ယောက်ျားလေးတိုင်းက ကြိုက်တတ်ကြတယ်။ ဒါပေမယ့် သင်က အိမ်ထောင်သည် တစ်ယောက် ဖြစ်သွားပြီဆိုရင်တော့ အရင်နဲ့ မတူအောင် လုံးဝကိုပဲ ပြောင်းလဲသွားနိုင်တယ်။ ၅။ သင်က ရှိုက်သံထွက်အောင် ရယ်မောတတ်တယ် ဆိုရင် အလွယ်တကူနဲ့စိတ်လှုပ်ရှားတတ်တယ်။ စကားလည်း များများပြောတတ်တယ်။ ခေါင်းမာပြီး သင့်ကို သူများတွေ မနှစ်သက်မှာကို တော်တော် ကြောက်တယ်။ စိုးရိမ်ပူပန်တတ်တယ်။ ပြီးတော့ ဣနြေ္ဒရရ နေထိုင်တတ်တယ်။

Credit, ဂန္တဝင်မဂ္ဂဇင်း
Powered by Blogger.