၂၀၁၅ ဟာ Apple အတွက် အကောင်းဆုံးနှစ် ဖြစ်ခဲ့

စာရင်းများ ထုတ်ပြန်ချက်အရ Apple ရဲ့ ၂၀၁၅ ခုနှစ်အတွင်း ကုန်ပစ္စည်း ရောင်းချရမှုဟာ အမေရိကန်ဒေါ်လာ ၂၃၄ ဘီလျံရှိတာကြောင့် သမိုင်းတစ်လျှောက် Apple အတွက် ရောင်းအား အကောင်းဆုံး နှစ် အဖြစ် စံချိန်တင်ခဲ့ ပါတယ်။
ပြီးခဲ့တဲ့ သုံးလကနေ စလို့ iPhone အလုံးရေကို ယနေ့အထိ ၄၈ သန်းကျော် ရောင်းချခဲ့ပြီး ဖြစ်ပ်ါတယ်။ ရက်ပိုင်းအတွင်းမှာလည်း Apple TV အသစ်တစ်မျိုးကို ရောင်းချသွားအုံးမှာ ဖြစ်ပါတယ်။ Apple ရဲ့ ရင်းနှီးမြှုပ်နှံသူများကို ငွေကြေး အများဆုံး ပြန်လည် ပေးနိုင်တဲ့ နှစ်အဖြစ်လည်း ဖြစ်စေ ပါတယ်။ ၁၂ လ အတွင်း Apple ရဲ့ ကုန်ပစ္စည်း အမျိုးအစား ပေါင်းစုံ ရောင်းချရမှုဟာ သန်း ၃၀၀ ကျော် ရှိပြီ ဖြစ်ပါတယ်။ ရောင်းချမှုအများဆုံး အနေနဲ့ တရုတ်ပြည်ဈေးကွက်ဟာ နံပါတ်၁ မှာ Apple အတွက် ရှိနေစေခဲ့ ပါတယ်။
လွန်ခဲ့တဲ့ သုံးလအတွင်း iPad လည်း အလုံးရေ ၁၀ သန်းနီးပါး ရောင်းချခဲ့ ပါတယ်။ MacBook ကတော့ ငါးသန်းကျော် ဖြစ်ပါတယ်။ ဒါကြောင့်မို့ Apple ရဲ့ လွန်ခဲ့တဲ့ သုံးလကနေ စလို့ မြင့်သွားတဲ့ ရောင်းချရမှုဟာ ၂၀၁၅ ခုနှစ်တစ်နှစ်မှာပဲ Apple ကို Revenue အားဖြင့် ကမ္ဘာ့ အကြီးဆုံး ကုမ္ဗဏီအဖြစ် မှတ်တမ်းဝင်စေခဲ့ ပါတယ်။
.
Ref: dailymail
အောင်ခမ်း (MMA)
Powered by Blogger.